Events

( ၂၀)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှပါဝင်ပြသလျက်ရှိခြင်း

Updated At: 2023-09-18 12:39:12

IMG_5945

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ( ၂၀)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲ ဖွင့်ပွဲနေ့အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန်ပစ္စည်းများကိုပါဝင်ပြသလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲ၏ မြန်မာကုန်စည်ပြခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ပါဝင်ပြသလျက်ရှိပါသည်။ မြန်မာကုန်စည်ပြခန်းများတွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရေထွက်ကုန်၊ ထောပတ်သီး၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်၊ မြန်မာ့ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းများကို ခင်းကျင်းပြသရောင်းချလျက်ရှိပါသည်။ ကုန်စည်ပြပွဲ ဖွင့်ပွဲနေ့တွင် မြန်မာ ကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကိုစိတ်ပါဝင်စား၍ လာရောက်လေ့လာ ကြည့်ရှုသူများ၊ ​ကြိုက်နှစ်သက်၍ဝယ်ယူသူများဖြင့်စည်ကားလျက်ရှိပါသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်နှီးမြှုပ်နှံမှုနှင့်ခရီးသွားမြှင့်တင်ရေးဖိုရမ်တွင် မြန်မာနှင့်တရုတ် ကုန်သည်လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် ၆ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Event Details

Date
16th to 19th September 2023
Location
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့
Website
myantrade.gov.mm

More Events